လွမ်းဇာနည် မှ ကြိုဆိုပါ၏

welcome  Comments
ဝေဒနာ ဆိုတာ ရင့်ကျက်သည်းထန်လာရင် အနှိုင်းမဲ့ အလှဖြစ်သွားတယ် ဒါမှမဟုတ် အဲဒါကို ရူးသွပ်ခြင်းလို့ခေါ်တယ်….

Wednesday, September 10, 2008

{ဆောင်းည…အိပ်မက်…အထီးကျန် မျက်ရည်}

*အဖော်တည့်
မရှိရှားပါး မွဲတေလိုက်တာများ
နှိုင်းပျစရာ မရှိခဲ့….
*သက်ရှိ ချစ်သူ ၀ိညာဉ်
ကိုယ့် ရင်ခွင်မှာ နားခိုဖို့  ဝေးစွ
သက်မဲ့အနွေးထည်လေးတောင်
ကိုယ့် ရင်ခွင်ဘေး မပိုက်ထွေးဘူး……..။
*တကယ်ကို ကြိုးစားခဲ့ပါတယ်
တကယ်ကို ရိုးသားခဲ့ပါတယ်
ကံကြ မ္မာရယ်
ဘာကြောင့်များ
ဒီလောက် ဆိုးဝါးရတာလည်း?
*ဆောင်းတွင်းအိပ်မက် ဂယောက်ဂယက်တည့် လား?
ရာသီက သွားခြင်းရိုက် ခိုက်ခိုက်တုန်အောင်ချမ်း
ရင်ခွင်က အနမ်းကင်းမဲ့ ပူလောင်ခြောက်သွေ့ 
ကိုယ်မမေ့နိုင်ပါဘူး [နိုးတ၀က် အိပ်မက်]
*“အရိပ်ပေးတဲ့ သစ်ပင်ဟာ
သူကိုယ်တိုင်ကျတော့ ပူလောင်ဒဏ်ခံနေရတာတည့် ”
*ကိုယ့် ဘ၀ ပြဇာတ်လေး
ဘယ်သူမှ သက်ဆိုင်ခွင့် မရှိဘူး
*အေးချမ်းတဲ့ ဆောင်းညမှာ ကိုယ် ပူလောင်နေရပါတယ်
ကိုယ့်ပါးပြင်ပေါ်က မျက်ရည်စတွေကလည်း
တကယ့်ကို
နွေးနွေးထွေးထွေး…………..။။
29.11.2006

<<<ဒီကဗျာလေးက ကျွန်တော့်ရဲ့  ဘ၀ပြဇာတ်ပါ>>>

{သံယောဇဉ်နှောင်ကြိုး}

ချုပ်နှောင်ထားခြင်းမဟုတ်ပေမယ့်
ရုန်းမထွက်နိုင်သူပါ
ရုန်းထွက်မယ်ဆိုရင်တောင် မလွတ်မြောက်နိုင်သူပါ
တကယ်ပါ မီးငယ်..
ကိုယ်က အဲဒီလို အစွန်းရောက်စွဲလန်းမိသူ
မထူးပါဘူး မီးငယ်
ဘောင်မခတ်ပေမယ့်
ရှောင်မထွက်နိုင်သူပဲ…
မီးငယ်ရယ်
ကိုယ့်ကို
နွားသေ ကြိုးတုပ်
ဘယ်လိုမှ မလှုပ်နိုင်အောင်
သံယောဇဉ်ကြိုးတစ်ချောင်းနဲ့ 
ချည်နှောင်လိုက်ပါတော့…….
ကိုယ်က သံယောဇဉ်အကျဉ်းသားပါ
ကျေနပ်စွာ အကျဉ်းစံပါရစေလား?

{သခင်ပေးစွန့် တဲ့ လွမ်းနင့်ကျိန်စာ}

မခိုဝင်နဲ့ 
ငြိုငြင်မယ့်ရက်တွေကို မကြိုဆိုချင်
လိုချင်လျက်
ကမ်းလက်ကို ကြိုရုပ်သိမ်းပါရဲ ..့
လွမ်းရက်ကို မျိုသိပ်ကြည့်
မချိအောင် ခံစားရပါသည်..
သူမသိလေတဲ့ ဒီရင်က ဝေဒနာ
မျှဝေယူကာ ကူခံစားမယ်ဆိုရင်ပေါ့
သက်သာလျော့ပါးနိုင်ချည်ရဲ့ ..
အနေမတူ အခြေခြားလေတဲ့
တပြည်သူ မရွှေထားကိုမှ
သန္ဓေယူကာ စေစားခဲ့သည်မို့ 
မသေတမူသာ ခံစားရပါရဲ့ ..
ဟောဒီ ရင်က
ကျွမ်းနင့် ဝေဒနာ
လွမ်းနင့် ကျိန်စာ
5.9.2006
1:00 pm

{အယူခံဝင်တမ်းချင်း..သို့ .. မုတ်သုန်ဆန်မိုးရိုင်း၏ချစ်ခြင်း}

အလွမ်းမသယ်ချင်လို့ 
နှလုံးသားအကြမ်းထည်လို့  ကိုယ့်ကိုကိုယ် သတ်မှတ်ခဲ့..
အတော်လေးရင့်ကျက်နေပြီလို့  ထင်ခဲ့တယ်..
ဒီရင်စကား
မကြီးကြားရင် အရူးလို့  ပြောချင်လိမ့်မယ်
အချစ်အတွက် မျက်ရည်တစ်စက်မကျဘူး..လို့ 
မာနတွေ ဘ၀ဂ်ထိတက်
အဲဒီ ဆုံးဖြတ်ချက် အတွက်
အခုတော့
ရှက်လိုက်တာ မကြီး...........ရယ်……….။
ရင်မှာ အကြင်နာစွန်းခဲ့တာ
မကြီး........... သိစေချင်လို့ ပြောပြချင်ခဲ့တယ်..။
မကြီး..........ကို ကြင်နာလွန်းလို့ လွမ်းရတာ
အခုတော့
အလွမ်းတွေနှောင်ချည်တဲ့
ကျွန်တော် နာမည် လွမ်းဇာနည်….။
လွမ်းလို့ မျက်ရည်ကျတယ်ဆိုတာ ပျော့ညံ့သူတို့ ဗီဇ
အဲဒီ အယူအဆ စကားကို ကြောက်ရွံ့ ကင်းစွာ
ကျွန်တော် မျက်ရည်တစက်ကျမိပါပြီ ..မကြီး.........
သခင်ရေ.. ကူညီပါဦး ဆိုတဲ့ကို မုန်းတီးခဲ့တာ
အခုတော့
ကျွန်တော် ကိုယ်တိုင်က အဲဒီ သံစဉ်အတိုင်း
တမ်းတပျော့ညံ့ချင်တာပါ…..မကြီး..........
ယုံကြည်လိုက်ပါ မကြီး.........
သံသယ မဖြစ်ပါနဲ့ 
အမြင်မှန်ရတဲ့ ကျွန်တော့် အချစ်က မရိုင်းပျတတ်ပါဘူး
နှိုင်းဆမရအောင် အယူခံဝင်ပါပြီ
[ဒါပေမယ့်
အခါလွန် တမ်းချင်း] 22.1.2005

{မုတ်သုန်ဆန်မိုးရိုင်းတပွင့်}

ချစ်ခြင်းအလင်္ကာမှာ
အပြစ်ကင်းတဲ့ အကြင်နာဆိုတာ ရှားပါတယ်..
အလင်္ကာမြောက်ဖို့ 
အလိမ်အညာ၊မုသားတွေက အထောက်အကူပြု
အခုတော့
မလိမ်ညာဝံ့တော့တာ
မလိမ်ညာချင်တာလဲပါတယ်…။
ကျွန်တော့်ရင်မှာစွန်းခဲ့တယ်
မကြီး............အလှတရား..
အကြင်နာ မွန်းကြပ်ခဲ့တာ
ဘ၀ရေးအခင်းကြောင့်…
အပြေးဆင်းခဲ့တယ်
လူ့ ဘ၀ ငရဲခန်း
မထည်ဝါမခမ်းနားမှန်းသိပေမယ့်
အလွမ်းရဲ့  လွတ်မြောက်နယ်မြေ
အချစ်တွေကို ရှာဖွေရယူဖို့ 
ဘ၀ကိုကာရံ စင်မြင့်ဆီလမ်းညွှန်မယ့်
အုတ်ခုံနံရံတွေကို ဖီဆန်ဖြိုဖျက်ခဲ့…
[ကျွန်တော့် အယူအဆ မမှားဘူးဆိုရင်ပေါ့]
ကျွန်တော်ဟာ
မုတ်သုန်ဆန်မိုးရိုင်းတပွင့်

{နှုတ်မဆက်သူ….သို့ }

*ကံကြမ္မာလို
မကြေငြာဘဲ စစ်ခင်းတတ်တဲ့ ရန်သူတွေထဲမှာ
မင်းပါသွားပြီပေါ့ ချစ်သူ……..။
*နောင်တလွန် ခံစားမှုတွေနဲ့ 
ပြောင်းလဲပြုပြင်ခွင့်ရလို့  Thanks you
*မျက်ရိပ်မျက်ကဲ ဘာသာရပ်မှာ အရမ်းညံ့ဖျင်းခဲ့သူမို့ 
ချစ်သူ မုန်းသူ မခွဲခြားတတ်ဘူး ဆိုတာ
ဝန်ခံပါရစေ………..ယုံပါ……။
*ကံကြမ္မာ ကုလားဖန်ထိုးမှုအောက်
ကိုယ့်ကို မျက်ရည်ကျစေနိုင်တဲ့ မိန်းမဆိုတာ
လောကမှာ မင်းတစ်ယောက်ပဲ ရှိသေးတယ်….။
*အဲဒီ မျက်ရည်က
မင်းလုံးဝ မသိသေးတဲ့ “ဆို့ နင့်အပြုံး”ခေါင်းစဉ်န့ဲ
ကိုယ့် ကဗျာထဲက အတိုင်း……။
*နှုတ်မဆက်သူရေ…
ဆို့ နင့်ပေမယ့် ပြုံးပြပါ့မယ်
ဝမ်းသာခြင်းနဲ့  ဂုဏ်ပြုလက်ဖွဲ့ 
ဝမ်းနည်းခြင်းနဲ့  ကြွေကွဲခံစား
အချိန်နှောင်းမှ သတင်းကြားရတဲ့ မင်းရဲ့  လက်ထပ်မင်္ဂလာ
ငါ ၀မ်းသာစွာ ကြေကွဲနေခဲ့ပါရစေ..
အဖြူစင်ဆုံး လွမ်းဆွတ်မျက်ရည်စတွေနဲ့ …..
(ကျေးဇူးပြုပြီး)
အဲဒီ ဝေဒနာ မျက်ရည်စတွေက
ဘယ်လောက်အထိ အမှန်တရားစစ်သလဲ မမေးပါနဲ့ …။။။။။

{အယုခံလွှာ}

တားမြစ်စကားတွေကို ထားပစ်သွားပြီး
မလိုက်နာကျောခိုင်း
မောင့်အသဲက ရိုင်းတတ်၊ရိုင်းရက်နေပြီ ….မကြီး
မသောက်ပါနဲ့  ဆေးလိပ်၊အရက်
မောင် သောက်တတ်နေပြီ
အဲဒီ ပြစ်မှုအတွက်
ဘာပြစ်ဒဏ် ချမှတ်ချင်ပါသလဲ?
ကဗျာမရေးပါနဲ့  လို့ တားမြစ်
မောင် မလိုက်နာဖြစ်သေးဘူး
အဲဒီ ပြစ်မှု အတွက်
ဘာပြစ်ဒဏ်ချမှတ်ချင်ပါသလဲ?
သတိမရနဲ့ လို့  အမိန့် ပေး
ထိထိရှရှ လွမ်းဆွေးမိတုန်းဘဲ
အဲဒီ ပြစ်မှုအတွက်
ဘာပြစ်ဒဏ် ချမှတ်ချင်ပါသလဲ?
အမိန့် ကို မနာခံ လွန်ဆန်မိတာက လွဲလို့ 
ရင်ထဲမှာ မကြီးကို မမေ့……။
လိုချင်တာကိုလည်းရချင်ပါရဲ့ 
ပေးတာကိုလည်းယူပါ့မယ်…
မောင်ငိုနေပါတယ်
တိတ်စေကွယ်..လို့ 
မကြီးရယ်………
ဘယ်လိုဖြေသိမ့်ပေးမလဲ?
တယူသန်မှာကိုလည်း စိုးမိပါရဲ့ 
မောင့်အယူခံလွှာ……….

{ပြုစားရက်သူ……သို့ }

*လရောင်လေညှင်းမှာ ပျော်ဝင်တယ်
ဒါပေမယ့်
ကဗျာတစ်ပုဒ် မဖြစ်ခဲ့ဘူး……။
*မကြီးကို ရင်ခုန်မိတယ်
အချစ်ကဗျာတွေက ရေတွက်လို့  မရဘူး………။
*အရုဏ်ဦးရဲ့  အလင်းဖြစ်စဉ်ကို ဦးညွတ်တယ်
ဒါပေမယ့်
ကဗျာတစ်ပုဒ် မဖြစ်ခဲ့ဘူး……။
*မကြီးနဲ့  အဝေးတနေရာကို ရောက်နေဖူးတယ်
အလွမ်း ကဗျာတွေက ရေတွက်လို့  မရဘူး…….။
*ညနေခင်းရဲ့  အလင်းပျောက်စဉ်ကို နှမြောတသ နှုတ်ဆက်လိုက်ရတယ်
ဒါပေမယ့်
ကဗျာတစ်ပုဒ် မဖြစ်ခဲ့ဘူး……။
*မကြီးကို စွန့် လွတ်လိုက်ရတယ်
အသဲကွဲကဗျာတွေက ရေတွက်လို့  မရဘူး…….။
*ကြယ်ကြွေတာကို ကြည့်ပြီး ရင်ခုန်ရူးသွပ်ခဲ့ဖူးတယ်
လျှက်ပြတ်တာကို ကြည့်ပြီး ကြောက်ရွံ့ ရင်တုန်ခဲ့ဖူးတယ်
အခုတော့
မဟူရာလွှမ်းလို့ အသဲကျွမ်းနေရတယ်
မကြီးကို မပိုင်ဆိုင်ရလို့ 
အသဲကွဲ ကဗျာတွေက ရေတွက်လို့  မရဘူး………။ ။
25.7.2008

{ရာဇ၀င်ထဲမှာ မောင့်ကိုထားရစ်ခဲ့}

မကြွေးကြော်ဘဲ တိုက်ခိုက်သွားတဲ့
မကြီး...... အလှတရား
ကျွန်တော့် ချစ်ခြင်းတွေကို မော်ကြွားခွင့်ပေးခဲ့တယ်..။
မကြီး.......... ဟာ
ကျွန်တော့် အတွက် ဆိုရင်
“မင်းမရှိတဲ့ တိုင်းပြည်မှာ
တိုင်းပြည်မရှိတဲ့မင်း ရောက်လာ” သလို
ကျွန်တော့် ဘ၀မြို့ပြ ကို တည်ထောင်ခဲ့
အုပ်ချုပ်ခဲ့…
မကြီး...............ဟာ
ကျွန်တော့် အတွက် ဆိုရင်
မီးရှူးတန်ဆောင်း ဖြစ်ခဲ့သလို
ဗိသုကာ ပညာရှင်ဖြစ်ခဲ့
တကယ်ကို ….ရှေ့  ဆောင်လမ်းပြဖြစ်ခဲ့ပါတယ်…..။
အခုတော့
မင်းမရှိတဲ့ တိုင်းသားကျွန်တော် ဟာ
တကိုယ်တည်း အထီးကျန်
လွမ်းစိတ်တွေ မှန်မှန်နဲ့  ကျန်ရစ်ခဲ့ပါပြီ………
မကြီး..............ဟာ
ရာဇ၀င်ထဲမှာ မောင့်ကို ထားရစ်ခဲ့ပြီမို့ ...
ခုတော့……….တစ်ယောက်တည်းရယ်.
အထီးကျန်လွန်း
အထီးကျန် လွမ်း

{သူ……..မကြီး}

အိမ်မက်ကို ထိမ်ဝှက်မထားချင်လို့ 
စာမျက်နှာပြင်မှာ ကဗျာအဖြစ်ဖွဲ့ နွဲ့ 
တိမ်စတွေလို
လေပြေညှင်းသွဲ့ သွဲ့ တွေလို
မြင်သာမြင်လိုက်ရတယ်.
ခံစားခဲ့ရတယ်..
ဖမ်းဆုပ်ပိုင်ဆိုင်မှု မရှိခဲ့ရဘူး……။
ငါ့အိမ်မက်တွေက ပုဏ္ဍားဖတ်တဲ့ ဗေဒင်စာအုပ်ပဲလား?
ဒါမှမဟုတ်
နတ်ဆိုးဝှက်တဲ့ အနာဂါတ်ပဲလား?
နိမိတ်လက္ခဏာပြတယ်လို့ သာ တိတိကျကျဆိုချင်ပါရဲ့
“မဆုံဖြစ်တော့ရင်” ဆိုတဲ့ ကဗျာလေးရေးပြီး
သိပ်မကြာခင် မဆုံဖြစ်ကြတော့ဘူး..
တစ်ယောက်တနေရာဆီဝေးကွာ
ဘယ်သူ ဘယ်နေရာမှာနေမှန်းမသိရလောက်အောင်..။
ဝေးကွာနေတဲ့ ချစ်သူကို ရှာဖွေမတွေ့  လို့ 
ချန်ရစ်ခဲ့တာလားဆိုတဲ့ အတွေးနဲ့ 
“ရာဇ၀င်ထဲမှာ မောင့်ကိုထားရစ်ခဲ့” ဆိုတဲ့ ကဗျာလေးထပ်ရေးမိတယ်..
တစ်လလောက်အကြာမှာ
ချစ်သူက လက်ထပ်ကြောင်းကြေငြာသွားတယ်..
အသိနောက်ကျခဲ့ပေမယ့်
သေချာပါတယ်…..
ရာဇ၀င်ထဲမှာ မောင့်ကိုထားရစ်ခဲ့ပြီ…….။။။

{ဆည်းဆာရောင်မျက်လုံးရှင် သို့  သတိတရနေ့ ရက်}

23.10.2003 ကြာသပတေးနေ့ 
နောက်ဆုံးတွေ့ ခြင်းလို့  ဘယ်သူယုံမလဲ?
ကြေငြာမှု မရှိဘဲ တိုက်ခိုက်တတ်တဲ့ ကံကြမ္မာရဲ့ ကျိန်စာအဖြစ်
သက္ကရာဇ်များစွာဝေးကွာခဲ့ပြီးမှ
...1.2005 မင်းလက်ထပ်မင်္ဂလာ အချိန်နှောင်းကာမှ ငါသိရပေါ့…
ဘ၀နဲ့ ပုံအောထားတဲ့ မျှော်လင့်ချက်က
အဲဒီမှာ ပြိုလဲပျက်စီးခဲ့..
ရတက်ဗွေ ပွက်ဆူလွန်းတာမို့ 
အရက်တွေ ခွက်မကူ သေအောင်သောက်ခဲ့တယ်..။
ကြွေကွဲနေတဲ့ အသဲက အရက်နာရောဂါအဖြစ် နာကျင်ရပြန်ပေါ့…
“ဆည်းဆာရောင်သန်းနေတဲ့ မျက်လုံးတွေက
အိပ်ပျက်ညကြောင့်လား?
ဒါမှမဟုတ်
ငိုထားလို့ လား မောင် ” တဲ့………………..။။
အရောင်မဆိုးတဲ့ {အဖြူထည်} မေးခွန်းလေးကို
လွမ်းလိုက်တာ မကြီးရယ်…….
တိုက်ဆိုင်မှု ဆိုရမလားပေါ့
ဒီနေ့  {21.7.2006} မောင့်မျက်လုံးတွေ ဆည်းဆာရောင်သန်းနေတယ် .. မကြီး
ဘာကြောင့် လဲ ဆိုတော့
အိပ်ပျက်ညကြောင့်လဲ ပါမယ်၊
လွမ်းလွန်းလို့  ငိုထားရတဲ့ အကြိမ်အဖန်များကြောင့်လဲ ဖြစ်တယ်၊
ဘာပဲဖြစ်ဖြစ်ပေါ့
မကြီးဟာ {တိုက်ရိုက်ပက်သက်မှု ရှိတဲ့}
ဆည်းဆာရောင် မျက်လုံးများရဲ့ အရှင်သခင်ပါဘဲ………။။
အခုလဲ မောင်ငိုနေပါတယ် မကြီး…………..

{လွမ်းနာကျ တမ်းချင်း}

ဘယ်တုန်းကမှ မတမ်းတဖူးတဲ့ မျှော်ကိုးမှုမျိုးပါဆိုရင်
မင်း ယုံကြည် နိုင်မလား ?
မိုင်ပေါင်းများစွာ ပြေးခဲ့ရတဲ့ တာဝေးသမားလို..
ရင်ခုန်သံတွေ တုန်ရီမောဟိုက်နေချိန်မှာ
ငတ်မွတ်စွာ တောင့်တခြင်းပါ..........
လိုအပ်ချက်ပေါင်း များစွာနဲ့ 
ပြည့်စုံစွာ နေနိုင်ခဲ့တဲ့ ရောင့်ရဲတတ်သူတစ်ဦးက
အခုတော့.....
တမ်းတခြင်းတွေ ပြင်းပြလို့
သေရတော့မယ့် ရောဂါသည်လို မောပန်းနွမ်းချိ
နဂါးမျက်ဝန်း အကြည့်အောက်မှာ ငါကျဆုံးလိုက်ချင်တယ်
ချစ်သူရေ....
အသဲကိုလောင်ကျွမ်းစေတတ်တဲ့ မင်းအကြည့်တစ်ချက်လောက်
စွန့်ပစ်ပေးပါလား?
စိမ်းလန်းစိုပြေမှု ရှိတဲ့တောမှာ
ရနံ့သင်း အဆင်းလှတဲ့ပန်း ပေါက်နိုင်တောင်မှ
ခါးသက်သက် အပြုံးတစ်ပွင့်လောက်တော့ ပေးသနားပါ.....
[ခိုလှုံပျော်မွေ့ မှု မရှိပေမယ့်
နုနယ်စွာ ဆို့ နင့် လှိုက်ကျင်သွားပေါ့]
တောင်းပန်ရင်းဝန်ခံပါရစေ
ကိုယ်အခု ကျန်းမာရေး တုန်ရီစွာ ဖောက်ပြန်နေတယ်
လွမ်းနာကျ ရင်ခွင်က
မင်းရဲ့ ယုယမှုကို မိုးငတ်သစ်တော ရဲ့ တမ်းတမှုမျိုး
တကယ့်ကို ………
ငတ်မွတ်စွာ………………….။ ။
26.7.2006
27.7.2006
<<<<ဒီကဗျာလေးက နှစ်ရက်ရေးရပါတယ်>>>>

{ ဘ၀ရဲ့  သခင်}

*** ပြန်မတွေးဘူး လို့  သံန္ဒိဌာန်ချထားပေမယ့်
အတွေးအာရုံထဲကို
အလိုလို ထိုးဖောက် ၀င်ရောက်နေရာယူလာတဲ့
[တဖက်သတ်] ပက်သက်စွဲလန်းခဲ့ဖူးတဲ့ မင်းအကြောင်း
***အဟောင်းတွေ အသစ်မဖြစ်ချင်ပေမယ့်
ကုစားလို့  မရတဲ့ ဝေဒနာက
ခုတ်ထွင် ရှင်းလင်း ပျောက်ကင်ဖို့  လမ်းမမြင်
***စိတ်အစဉ် စဉ်မတွေးပါဘူး
အရိပ်မြင် သခင်ပြေးလာလေသလား?
***မျှော်တော်ယောင် ကမ်းလင့်
ဖူးမျှော်ဖို့  လွမ်းနင့်နေသူမှာပင်…
***အသဲတွင် စွဲထင်ဆွေးတာမို့ 
အဝေးတွင် မနေချင်သူပါ
***အဆွေးပင်လယ် ရေစုန်မျှောလိုရဲ့ 
အဝေးတနယ်မှာ နေကုန်ပျော်ရက်က ရှိပါ့မလား?
***အို …သခင် ရယ်
ရင်ဝယ် ခင်တွယ် ငြိစွန်းသမျှ
ထိပွန်းခဲ့ရတဲ့ ဝေဒနာ……….
***အဲဒီ ကျိန်စာခွက် ပြေတဲ့ရက်ပေါ့
ပျော်ရွှင်ခြင်း အနာဂါတ်က ကိုယ့်ကမ်းစပ်ကို ဘယ်တော့ကပ်မလဲ?
***ပြန်မတွေးပေမယ့်
တဖန်ဆွေးနေရပေါ့……
မငိုတော့ပါဘူး……………
အပိုလျှံ မျက်ရည်တွေတောင်ကုန်လွန်ခဲ့ပြီပဲ……….။ ။

{ဆို့ နင့်အပြုံး}

**လွမ်းနာကျပေမယ့် ၀မ်းသာရပါတယ်
မောင့် ထက်သာလူတစ်ယောက်ကိုတော့
ရွေးချယ်ကာ ဆုံးဖြတ်ခဲ့ပြီပေါ့နော်…..
**ယူကြုံးမရခံစားရပေမယ့်
အပြုံးလှတွေကို လက်ဖွဲ့ ချင်ပါရဲ့
**ပြောပြလိုက်ချင်ပါတယ်
ဒေါမထဘူးဆိုရင်ပေါ့
စိတ်မဆိုးပါနဲ့ 
တိတ်တခိုး ချစ်ခဲ့မိတာ ခွင့်လွတ်ပါနော်….
ရင်ဖွင့်ခွင့် မရှိလို့ ရင်နင့်ခဲ့ရသူရယ်ပါ
<><> ဆို့ နင့်စွာပြုံးရင်း
မကြီးဟာ လမင်းပါ
မောင့်ညခင်းကို လင်းလတ်စေခဲ့တယ်….[ဟိုအရင်တုန်းက]
အခုတော့
ဘ၀အတွက် အလင်းရောင်တွေကွယ်ပျောက်
ညအမှောင်ကို ပြန်ရောက်ခဲ့ပြီ………..။ ။

{ကဝေပျို သို့  လွမ်းချင်း}

အတွေးစတွေကို ရေးချတိုင်း ကဗျာဖြစ်မယ်ဆိုရင်
မောင့် အတ္တတွေက အကြီးမားဆုံး အစိုင်အခဲအဖြစ်
သမိုင်းဝင်လိမ့်မယ်….။
စွန့် လွတ်ခြင်း တည့်
သံယောဇဉ် ရှင်ခန်းဖြတ်တည့်
အနော်မာသက်သေတည်ခဲ့တယ်….။
အနမ်းတစ်ချက်ကို အလွမ်းဇာတ်မခင်းခဲ့သူ
မောင်က စွန့် လွတ်ခြင်းမဟုတ်ဘူး
ပိုင်ဆိုင်ခွင့်မရတဲ့ ကျန်ရစ်သူပါ..
သံယောဇဉ်ရှင်ခန်းဖြတ်ဖို့ လား?
သူများအမိန့်  မပြောနဲ့ 
ကိုယ့် အမိန့် ကို တောင် မနာခံချင်တဲ့ကောင်
အခုတော့
မောင်က ဘယ်သူမှ မချမှတ်တဲ့ အမိန့် ကို
နာခံနေရတယ်
သေရာပါအလွမ်း……
အနော်မာသက်သေတည်မလား?
စကြ်ာဝဠာတိုက်ကြီး စွန့် လွတ်ခြင်းကြောင့် တုန်ခါခဲ့တယ်
မောင့်စွန့် လွတ်လိုက်ရခြင်းမှာ
မောင့်ရင်ခွင် ဘယ်လောက်တုန်ခါမယ် ဆိုတာ
မကြီး သိနိုင်မလား?
11.7.2008 123း0 pm