ဝေဒနာ ဆိုတာ ရင့်ကျက်သည်းထန်လာရင်
အနှိုင်းမဲ့ အလှဖြစ်သွားတယ်
ဒါမှမဟုတ်
အဲဒါကို ရူးသွပ်ခြင်းလို့ခေါ်တယ်….
Wednesday, March 18, 2009
{ကြယ်စင်တမ်းချင်း}
***အလင်းရောင်အတွက် မစဉ်းစားဖူးတဲ့ ကောင်းကင်
အခုတော့မှ
ကြယ်ဖြူတစ်ပွင့်နဲ့ အလင်းတင့်တယ်ချင်ခဲ့ပြီ………….။
***ရူးသွပ်မှုက အစပျိုးလိုက်တဲ့
အဓိပ္ပာယ်မှားယွင်းမှု ထင်ပါရဲ့…
သတ်ပုံတွေ ကစဥ့်ကလျား
ဝေါဟာရတွေ အလူးအလဲ
“ဖြစ်နိုင်တယ်” ထင်မြင်ယုံကြည်ချက်တွေနဲ့ပါဘဲ
သမရိုးကျတွေ သင်္ဂြိုလ်ချင်တယ်
နိယာမတွေ ရိုက်ချိုးလိုက်ချင်တယ်
ခံယူချက်တွေ ကျောခိုင်းရင်း…………………။ ။
ရိုးယဉ်တဲ့ ကဗျာတစ်ပုဒ်ဟာ
ဇာတ်သိမ်းနာနိုင်သလား?
***ကြယ်ဖြူတစ်ပွင့်ရှိရင်
အလင်းတင့်မယ် လို့ အကြွင်းမဲ့ ယုံကြည်တဲ့ ကောင်းကင်မျိုး
ကိုယ်က
ရင်ခွင်ဖော်အဖြစ် မင်းကို
ဖူးမျှော် ကိုးကွယ်တာ
တကယ်တော့
ပရိယာယ်အားဖြင့် ပြောရရင်
ဦးညွှတ်တယ် ဆိုတာကလည်း (အယူခံဝင်) ကျရှုံးမှုတခုပါဘဲ….
***လမင်းကိုတောင် မလိုအပ်တဲ့ကောင်းကင်
အမှောင်ကို သိမ်ငယ်စွာ ပန်ဆင်နေရ
မျှတမှာပါလေ
ကိုယ်ဟာ
အလင်းငတ်ကောင်းကင်ပေမို့……….။ ။
အခုတော့မှ
ကြယ်ဖြူတစ်ပွင့်နဲ့ အလင်းတင့်တယ်ချင်ခဲ့ပြီ………….။
***ရူးသွပ်မှုက အစပျိုးလိုက်တဲ့
အဓိပ္ပာယ်မှားယွင်းမှု ထင်ပါရဲ့…
သတ်ပုံတွေ ကစဥ့်ကလျား
ဝေါဟာရတွေ အလူးအလဲ
“ဖြစ်နိုင်တယ်” ထင်မြင်ယုံကြည်ချက်တွေနဲ့ပါဘဲ
သမရိုးကျတွေ သင်္ဂြိုလ်ချင်တယ်
နိယာမတွေ ရိုက်ချိုးလိုက်ချင်တယ်
ခံယူချက်တွေ ကျောခိုင်းရင်း…………………။ ။
ရိုးယဉ်တဲ့ ကဗျာတစ်ပုဒ်ဟာ
ဇာတ်သိမ်းနာနိုင်သလား?
***ကြယ်ဖြူတစ်ပွင့်ရှိရင်
အလင်းတင့်မယ် လို့ အကြွင်းမဲ့ ယုံကြည်တဲ့ ကောင်းကင်မျိုး
ကိုယ်က
ရင်ခွင်ဖော်အဖြစ် မင်းကို
ဖူးမျှော် ကိုးကွယ်တာ
တကယ်တော့
ပရိယာယ်အားဖြင့် ပြောရရင်
ဦးညွှတ်တယ် ဆိုတာကလည်း (အယူခံဝင်) ကျရှုံးမှုတခုပါဘဲ….
***လမင်းကိုတောင် မလိုအပ်တဲ့ကောင်းကင်
အမှောင်ကို သိမ်ငယ်စွာ ပန်ဆင်နေရ
မျှတမှာပါလေ
ကိုယ်ဟာ
အလင်းငတ်ကောင်းကင်ပေမို့……….။ ။