လွမ်းဇာနည် မှ ကြိုဆိုပါ၏

welcome  Comments
ဝေဒနာ ဆိုတာ ရင့်ကျက်သည်းထန်လာရင် အနှိုင်းမဲ့ အလှဖြစ်သွားတယ် ဒါမှမဟုတ် အဲဒါကို ရူးသွပ်ခြင်းလို့ခေါ်တယ်….

Wednesday, November 26, 2008

ဝေဒနာသံစဉ်<4>

{နတ်သမီးကဗျာ}
အလွမ်းတွေကို ကုစားပေးတယ် လမင်းလေး
ရင်ခွင်ကိုလည်း အေးမြမှုပေးတယ်
ကဗျာရေးတဲ့ ဒိုင်ယာရီ ဝေဒနာပြခန်းလည်း
လမ်းတ၀က်မှာ အဆုံးသတ်စေသူ
ရင်ခုန် နတ်သမီးလေး………….
ရှေ့ဆက်သာယာဖို့ပဲ ဖန်ဆင်းပေးသွားတဲ့
တည်ငြိမ်ခံစားမှုတို့ နိုးထလာပြီမို့
ဒဏ်ရာ သမိုင်းများတော့ ရိုင်းပျစေပြီးပေါ့
ဒီမှာ အဆုံးသတ်လို့ ချန်ပစ်ခဲ့မယ်
အလွမ်းကဗျာ
ကျန်ရစ်ခဲ့ပေါ့ အတိတ်ဟောင်းများကြား
ငါ ရှေ့ဆက်သွားမယ့်
အနမ်းများနဲ့ ရွှေခရီး
သာယာခြင်းများ ဖြည့်ဆည်းပေးမယ့်
နတ်သမီးကဗျာ………
ကာရန်မညီ ရင်ခုန်ခြင်းရဲ့ အနမ်းသံစဉ်သစ်
အရာရာကို ပျိုမျစ်သွားတယ်
ကျက်သရေတင့်လို့ ကြိုလင့်ရတဲ့ အရုဏ်ဦး
ကိုယ့်အတွက်
ရင်ခွင်ဦးပဲ……..
ထာဝစဉ်လင်းလတ်တောက်ပငွေလမင်း
ကိုယ့် ကယ်တင်ခြင်းပေါ့
ရှင်သန်ခြင်းအတွက်
တန်ဖိုးမဖြတ်နိုင်သူလား
ကိုယ့်ရဲ့
ကဗျာ နတ်သမီးတပါး……….။ ။