လွမ်းဇာနည် မှ ကြိုဆိုပါ၏

welcome  Comments
ဝေဒနာ ဆိုတာ ရင့်ကျက်သည်းထန်လာရင် အနှိုင်းမဲ့ အလှဖြစ်သွားတယ် ဒါမှမဟုတ် အဲဒါကို ရူးသွပ်ခြင်းလို့ခေါ်တယ်….

Saturday, April 18, 2009

{ကောင်မလေးအတွက် အလွမ်းချည်နှောင်တဲ့ ကျွန်တော့်ရဲ့ညတွေ}

***အိပ်ပျက်ညတွေ ဆက်နေခဲ့ပြီ
´´လွမ်းည`` ဆိုတဲ့ ခေါင်းစဉ်လည်း ထပ်နေခဲ့ပြီ
ဒီ ရင်ခွင်တခုလုံးလည်း အက်နေခဲ့ပြီ…….။
***ကောင်မလေးရယ်
ကိုယ်ဟာ
ပါရမီ မရင့်သန်သေးသူပါ
ရုန်းထွက်ရှောင်မပြေးပါရစေနဲ့
မင်း ဘ၀ရဲ့ ကြင်ဖော်အဖြစ်
ဦးဆွေးဆံမြည့် ဖြည့်စွမ်းပါရစေကွယ်…..
``သံယောဇဉ် ဆိုတဲ့
အဖြူထည် စစ်စစ်
(တကယ်တော့)
ချည်နှောင်တွယ်ရစ်မိသူ
အပူသည်ဖြစ်ရပါတယ်´´
***ည ညဆို အိပ်စက်မရ
ဒီ ချည်တိုင်မှာမှ အလွမ်းတွေက တည်မြဲကြတယ်..
မင်းကို မေ့ပျောက်တဲ့
အမှတ်တမဲ့ သတိလက်လွတ်ဆိုတာ
ကိုယ့်ညတွေရဲ့ ရာဇ၀င်မှာ မရှိ
မင်းကို သိစေချင်လိုက်တာ ကောင်မလေးရယ်…….။
<><><>စင်စစ်
ကောင်းကင်မှာ ထွန်းလင်းတောက်ပတဲ့မင်း
ကိုယ့်ရဲ့ မျှော်လင့်ခြင်းလေးပါဘဲ…… ။။ ။ ။။ ။ ။