လွမ်းဇာနည် မှ ကြိုဆိုပါ၏

welcome  Comments
ဝေဒနာ ဆိုတာ ရင့်ကျက်သည်းထန်လာရင် အနှိုင်းမဲ့ အလှဖြစ်သွားတယ် ဒါမှမဟုတ် အဲဒါကို ရူးသွပ်ခြင်းလို့ခေါ်တယ်….

Thursday, April 23, 2009

``အဖြည့်ခံတမ်းချင်း´´

မင်း အတွက် ရည်စူးဖွဲ့နွဲ့တဲ့
ငါ့ ရင်ထဲက
ပန်းကဗျာတစ်ပုဒ်ရဲ့ ရနံ့ကို
မင်း နမ်းရှိုက်ခံစားလိုစိတ်မရှိဘူး ဆိုရင်
ငါ့ ကဗျာလေး အပယ်ခံပေါ့…………..
***ငါ မင်းအလှမှာ ယစ်မူးတွယ်ငြိသမျှ
ငါ့ မြတ်နိုးမှု မင်း အသိအမှတ်မပြုဘူး ဆိုရင်
ငါ့ အချစ်က အပယ်ခံပေါ့……..
***ငါ့ဘ၀ အတွက် မင်းအချစ်က
မရှိလို့ မဖြစ်ဘူး ဆိုရင်
ငါက အဖြည့်ခံပေါ့………….
***အဖြည့်ခံအတွက်
အပယ်ခံဟာ
အရက်စက်ဆုံး ပြစ်ဒဏ်ဆိုရင်
ချစ်သူ………ရယ်
ကိုယ့်ကို မရက်စက်လိုက်ပါနဲ့နော်……..
***ရက်စက်မှု အမုန်းဟာ
အနာကျင်ရဆုံး ဒဏ်ရာဆိုရင်
ချစ်သူ…….ရယ်
ကိုယ့်အပေါ် ဒဏ်ရာတွေ မဖြန့်ကျဲလိုက်ပါနဲ့………..
တဖက်သတ် ကိုယ့် ရူးသွပ်မှု အတွက်
မင်း အချစ်ဟာ
ကိုယ့် လွတ်မြောက်ရာလမ်းဆိုရင်
ချစ်သူ………ရယ်
လွတ်မြောက်ခွင့်ပေးသနားတော်မူပါ………..
ချစ်ခြင်းအားဖြင့်
လွတ်ငြိမ်းချမ်းသာခွင့်ပေးပါ………
ကြင်နာခြင်းအားဖြင့်
တုန့်ပြန်အချစ်ကိုပေးပါ………..
အပြုံးပွင့်တို့ဖြင့် ကြွေမျက်ရည်တို့ကို သုတ်သင်ပေးပါ……