လွမ်းဇာနည် မှ ကြိုဆိုပါ၏

welcome  Comments
ဝေဒနာ ဆိုတာ ရင့်ကျက်သည်းထန်လာရင် အနှိုင်းမဲ့ အလှဖြစ်သွားတယ် ဒါမှမဟုတ် အဲဒါကို ရူးသွပ်ခြင်းလို့ခေါ်တယ်….

Thursday, May 28, 2009

{နိဒါန်းတခု၏နိဂုံး}

အားလုံးပြီးဆုံးသွားပြီ ဆိုရင်
ခြေရာ သဲလွန်စ လေးတော့ ကျန်ခဲ့မယ်လို့
အကြွင်းမဲ့ ယုံကြည်ထားခဲ့တာ
အခုတော့
အဲဒီ ရင်တွင်းရှိုက်သံက
ဘာမှ မဖြစ်ခဲ့သလို သမာဓိကောင်းလွန်းတယ်…..
အမှန်တရားတခုကို
ဖြစ်တည်ခဲ့ပြီးပြီ ဆိုရင်တော့
ယာယီအားဖြင့် နာကျင်ရမှာပါဘဲလေ….
ဒါပေမယ့်
အမှားတခုရဲ့ မလှမ်းမကမ်းအကွာအဝေးမှာတော့
ချိုမြိန်စရာတွေ ရှိနေတတ်တယ်….
တကယ်တော့
အဲဒီ ချိုမြိန်စရာတွေဟာ
ခါးသီးဖွယ် စစ်စစ်တွေမို့
မသာယာလိုက်ပါနဲ့……..ဒီ သီအိုရီတွေကိုလည်း သိနေရဲ့သား
ကိုယ်လည်း အကြိမ်ကြိမ်တားနေတဲ့ ကြားက
မင်းမို့ ထွက်သွားရက်တယ်…..
မင်း လမ်း မင်း ဖောက်
မင်း လျှောက်နေတဲ့ အဲဒီ လမ်းကလေး
`လမ်းစိမ်း´ လို့သာ နာမည်ပေးလိုက်ပါတော့…….
ဒီလောက်အထိ သွေးအေးရက်စက် လိမ့်မယ်
လုံးဝ ကို မယုံကြည်ထားခဲ့….
သို့ပေမယ့်……. အားလုံးပြီးဆုံးသွားခဲ့ပါပြီလေ…
အတိတ်ဟာ
အတိတ်ဖြစ်ခဲ့ယုံက လွဲလို့
ဘာ အမာရွတ်မှ မရှိခဲ့
တကယ်ကို
အားလုံး ပြီးဆုံးသွားခဲ့ပါပြီလေ……..
မင်း သမာဓိ အားကောင်းလွန်းခဲ့ပါတယ်……