လွမ်းဇာနည် မှ ကြိုဆိုပါ၏

welcome  Comments
ဝေဒနာ ဆိုတာ ရင့်ကျက်သည်းထန်လာရင် အနှိုင်းမဲ့ အလှဖြစ်သွားတယ် ဒါမှမဟုတ် အဲဒါကို ရူးသွပ်ခြင်းလို့ခေါ်တယ်….

Friday, July 3, 2009

{အဖြူစင်ဆုံး}

*အတိတ်တွေ ဘယ်လောက်ခါးသီးခဲ့လဲ?
ဒီကဗျာကတော့ လွမ်းမောဖွယ်စစ်စစ်
သံသယနဲ့တော့ ရိုက်နှက်မစစ်ဆေးလိုက်ပါနဲ့လေ
နာကျင်မှုဒဏ် မခံနိုင်ရှာလို့ပါ…..။
**အတိတ်တွေ ဘယ်လောက်ပျိုမျစ်ခဲ့လဲ?
ဒီ ပစ္စုပ္ပန်အိပ်မက်ကတော့ အနန္တမေတ္တာစစ်စစ်
မျှော်လင့်ချက်အပိုင်းအစနဲ့တော့ မနိုးထဖြစ်ပါစေနဲ့လေ
ပြောင်းလဲမှုဒဏ် မခံနိုင်မှာစိုးလို့ပါ….။
***ရှေ့ဆက်……ဘူမိနက်သန်
အဖြူစင်ဆုံး အနေနဲ့ပါဘဲ
ကဗျာတွေ ပွင့်လန်းလာမယ်
သံစဉ်တွေ မွှေးကြိုင်လာမယ်
ဘာပဲဖြစ်ဖြစ်
ဘယ်လိုပဲ ဖြစ်ဖြစ်
ယုံကြည်မှုကို ထုဆစ်စေချင်တယ်
အဖြူစင်ဆုံး မို့ပါကွယ်
ကျေးဇူးပြုပြီး
ခေါင်းစဉ်ကို ငဲ့ညှာသောအားဖြင့်
ဒီကဗျာလေးကို
အရောင်ဆိုးပြီး မဖတ်ရှုလိုက်ပါနဲ့………