လွမ်းဇာနည် မှ ကြိုဆိုပါ၏

welcome  Comments
ဝေဒနာ ဆိုတာ ရင့်ကျက်သည်းထန်လာရင် အနှိုင်းမဲ့ အလှဖြစ်သွားတယ် ဒါမှမဟုတ် အဲဒါကို ရူးသွပ်ခြင်းလို့ခေါ်တယ်….

Friday, July 3, 2009

{သို့……အဝေးရောက်သဇင်}

ဝေးလိုက်တာ….
အဲဒီ သက္ကရာဇ်တွေကို
ကိုယ် အလွန်းခါးသီးတယ် ချစ်သူ…
ရွှေဘို သနပ်ခါးနဲ့ မတင့်တယ်နိုင်တဲ့ အရပ်
ချိတ်ထမီ ချည်အင်္ကျီနဲ့ မတင့်တယ်နိုင်တဲ့ အရပ်
ကမ္ဘာ့ရွာတွေရဲ့ သတ်မှတ်ချက်အရ
“သဘာဝအလှ ဥယျာဉ်” (ဒူဘိုင်း)
မပျော်ဝင်လိုက်မိပါစေနဲ့ ချစ်သူ….
<<စံပယ်ရနံ့ မသင်းတဲ့ အဲဒီ ရွာမှာ
ချစ်သူရယ်….
ဘာကို သာယာမိတာလဲ?>>
““Blood Money သံစဉ်တပိုင်းတစလို
ဒါဟာ အောင်မြင်မှုလား?
ဒါ ရှုံးနိမ့်တာလား?
ကိုယ် ကြေကွဲတယ် မဖြေဆည်နိုင်ဘူးလေ…………။
မသွားနဲ့လေ မတားလိုပေမယ့်
အဲဒီ ဌာနေက ကိုယ့် အတွက် ဆူးတစ်ချောင်းပါ
အတ္တတွေ ပေကျံတဲ့ ကိုယ့်ရင်ထဲ
သီအိုရီအညံ့စားတွေ ပြန့်ကျဲနေပေါ့…….
အဆက်အသွယ်သာ ဖြတ်လို့ ရနိုင်ကောင်းချည်ရဲ့
သံယောဇဉ် ဆိုတာ
ဖြတ်လို့ မရစကောင်းသော အရာပါ သဇင်……..။ ။