လွမ်းဇာနည် မှ ကြိုဆိုပါ၏

welcome  Comments
ဝေဒနာ ဆိုတာ ရင့်ကျက်သည်းထန်လာရင် အနှိုင်းမဲ့ အလှဖြစ်သွားတယ် ဒါမှမဟုတ် အဲဒါကို ရူးသွပ်ခြင်းလို့ခေါ်တယ်….

Thursday, October 30, 2008

{ရင်ထက် အက္ခရာ}

သရ, မပါရင် ဝေါဟာရတစ်ခု တည်ဆောက်လို့ မရသလိုပါပဲ
ရင်ထဲက ခံစားချက်တခုကို
အလင်္ကာနဲ့ ကဗျာဖွဲ့ဖို့
ဗျည်း,သရ{အက္ခရာ}လိုတယ်….။
ကဗျာတွေ အများကြီးရေးခဲ့ဖူးတယ်
ဘ၀ကို တစ်ယောက်ထဲ ရင်ဆိုင် ရုန်းကန်ခဲ့တယ်
ဘာရှိရှိ မရှိရှိ ဖြစ်တယ်ဆိုတဲ့ ခံယူချက်နဲ့ပေါ့
အခုတော့
သိလိုက်ရပြီ………..
ဘ၀ နဲ့ ကဗျာ ကာရံညီလှပဖို့
သရ, မရှိလို့ မဖြစ်ဘူး……..
ဘ၀ဆိုတာကလည်း သမိုင်းကြောင်းတော့ ရှိကြစမြဲ
ကဗျာဆိုတာကလည်း ရာဇ၀င်တော့ ရှိကြစမြဲ
ဒီ ရင်ခွင်မှာတော့
အရင်က အက္ခရာ မတင်ခဲ့ဖူးဘူး…….
ရိုးစင်းစွာ ၀န်ခံရရင်
သရ , ဆိုတာကို သိရချိန်
ဘ၀နဲ့ ကဗျာ အတွက်
သရ , မရှိလို့် မဖြစ်ဘူး……..
အဓိပ္ပာယ်ရှိဖို့ အတွက်
သရ, ကို ရင်ထက် အက္ခရာတင်တယ်……..
တကယ်ပါ
ကိုယ်ဟာ
ဗျည်း, ဆိုရင်
မင်း [သရ]ကို မှီခို ပြီး
ရှင်သန်ရသူပါ……..
သရ, ဆိုတာ မရှိခဲ့ရင် ဗျည်းဟာ အဓိပ္ပာယ်မဲ့သူပေါ့………။။
29.9.2008