လွမ်းဇာနည် မှ ကြိုဆိုပါ၏

welcome  Comments
ဝေဒနာ ဆိုတာ ရင့်ကျက်သည်းထန်လာရင် အနှိုင်းမဲ့ အလှဖြစ်သွားတယ် ဒါမှမဟုတ် အဲဒါကို ရူးသွပ်ခြင်းလို့ခေါ်တယ်….

Saturday, October 25, 2008

“လွမ်းဇာနည်”

***လွမ်းမောဖွယ် ဒဏ္ဍာရီ တစ်ပုဒ်ဖြစ်အောင်တော့
မလှည့်စားလိုက်ပါနဲ့……။
***မနက်ဖန်မှာ
မျှော်လင့်ချက်တို့ လွင့်စင်မသွားအောင်
သနားထားခဲ့ပါနော်………။
***ခါးသီးမှုထဲက
ရင်နာဖွယ်တွေကိုတော့
လွင့်ပစ်လိုက်ကြတာပေါ့………။
***ကိုယ့်ရဲ့ အဇ္ဈတ္တသံစဉ်သံစစ်စစ်
ရင်မောအတွေးသစ်တွေက
ကိုယ်ပြောပြမှ
မင်းသိမယ့် အကြောင်းတရားပေမို့……..။
ကိုယ်ပြောပြခဲ့ဖူးပါတယ်
ခုတော့လည်း
ဝေဒနာတွေ အိုင်ထွန်းတမ်းတမိသမျှ
ပြန်မက်လို့ မရတဲ့ အိမ်မက်ကို
အပ်ကြောင်းထပ် ရစ်ဝဲ
ဝေးခဲ့ကြရတဲ့ ဒဏ်ရာပေါ်မှာ
မင်းကတော့ နေသားကြ
ကျေနပ်နေရပြီပေါ့……….။
***ဒီလို
ဝေးရမယ် ဆိုတဲ့
ကံကြမ္မာ ကို မယုံကြည်ခဲ့လေတော့
အဖြူထည်စစ်စစ် မေတ္တာတွေက
လွမ်းရသူ
လွမ်းဇာနည် သင့်ဖို့
အဆိပ်တွေလား?