လွမ်းဇာနည် မှ ကြိုဆိုပါ၏

welcome  Comments
ဝေဒနာ ဆိုတာ ရင့်ကျက်သည်းထန်လာရင် အနှိုင်းမဲ့ အလှဖြစ်သွားတယ် ဒါမှမဟုတ် အဲဒါကို ရူးသွပ်ခြင်းလို့ခေါ်တယ်….

Friday, October 31, 2008

{၀ိညာဉ် တခုရဲ့ ရှိုက်သံ}

လမင်းထွန်းညှိလို့ လင်းလတ်လှပသွားတဲ့ ကောင်းကင်
အမှတ်တမဲ့ဆိုရင်
မခံစားချင်ဘူး
တခဏတာ အတွက်ဆိုရင်
မမြတ်နိုးချင်ဘူး
ဒီလိုပါပဲ
ပေါ့ပျက်ပျက်ဆိုတဲ့ အရာက
အချိန်တန်ရင်
ပဲ့ကိုင်ဖြစ်သွားတတ်သလား?
ထင်မှတ်မထားတဲ့ အရာက
ဘာလို့ ကြီးမားတဲ့ အဓိပ္ပယ်ဖြစ်နေရတာလဲ?
မော်ဒန် ကဗျာတစ်ပုဒ် ဆိုပြီး
ကာရံ မလိုဘူးလို့
သတ်မှတ်ထားပါသလား?
အ က္ခရာတွေကို
ပန်ဆင်မယ့် ကဗျာတစ်ပုဒ်
သရ, မပါရင် အဓိပ္ပာယ်မရှိဘူး………
ကဗျာတွေထဲမှာ
အမှတ်တမဲ့ ခံစားချက်တွေ
သရ,ပါသွားတယ် ဆိုရင်
ပြည့်စုံကြီးမားတဲ့ အဓိပ္ပာယ်ရှိပြီ…….
ဖြည့်ကွက် တခုရဲ့
အလိုအပ်ဆုံး အရာတခုက
အဓိပ္ပာယ်ရှိခြင်း ....လို့ ထင်တယ်
လဲကျသွားရင်တောင်………
လွတ်ကျသွားရင်တောင်……
ဝိညာဉ်တစ်ခုလုံး မရှုမလှ လွင့်စင်သွားတယ် ဆိုရင်တောင်……..
ငါ မင်းကို ချစ်တယ်……