လွမ်းဇာနည် မှ ကြိုဆိုပါ၏

welcome  Comments
ဝေဒနာ ဆိုတာ ရင့်ကျက်သည်းထန်လာရင် အနှိုင်းမဲ့ အလှဖြစ်သွားတယ် ဒါမှမဟုတ် အဲဒါကို ရူးသွပ်ခြင်းလို့ခေါ်တယ်….

Wednesday, September 10, 2008

{ကဝေပျို သို့  လွမ်းချင်း}

အတွေးစတွေကို ရေးချတိုင်း ကဗျာဖြစ်မယ်ဆိုရင်
မောင့် အတ္တတွေက အကြီးမားဆုံး အစိုင်အခဲအဖြစ်
သမိုင်းဝင်လိမ့်မယ်….။
စွန့် လွတ်ခြင်း တည့်
သံယောဇဉ် ရှင်ခန်းဖြတ်တည့်
အနော်မာသက်သေတည်ခဲ့တယ်….။
အနမ်းတစ်ချက်ကို အလွမ်းဇာတ်မခင်းခဲ့သူ
မောင်က စွန့် လွတ်ခြင်းမဟုတ်ဘူး
ပိုင်ဆိုင်ခွင့်မရတဲ့ ကျန်ရစ်သူပါ..
သံယောဇဉ်ရှင်ခန်းဖြတ်ဖို့ လား?
သူများအမိန့်  မပြောနဲ့ 
ကိုယ့် အမိန့် ကို တောင် မနာခံချင်တဲ့ကောင်
အခုတော့
မောင်က ဘယ်သူမှ မချမှတ်တဲ့ အမိန့် ကို
နာခံနေရတယ်
သေရာပါအလွမ်း……
အနော်မာသက်သေတည်မလား?
စကြ်ာဝဠာတိုက်ကြီး စွန့် လွတ်ခြင်းကြောင့် တုန်ခါခဲ့တယ်
မောင့်စွန့် လွတ်လိုက်ရခြင်းမှာ
မောင့်ရင်ခွင် ဘယ်လောက်တုန်ခါမယ် ဆိုတာ
မကြီး သိနိုင်မလား?
11.7.2008 123း0 pm

No comments: