လွမ်းဇာနည် မှ ကြိုဆိုပါ၏

welcome  Comments
ဝေဒနာ ဆိုတာ ရင့်ကျက်သည်းထန်လာရင် အနှိုင်းမဲ့ အလှဖြစ်သွားတယ် ဒါမှမဟုတ် အဲဒါကို ရူးသွပ်ခြင်းလို့ခေါ်တယ်….

Wednesday, September 10, 2008

{အယုခံလွှာ}

တားမြစ်စကားတွေကို ထားပစ်သွားပြီး
မလိုက်နာကျောခိုင်း
မောင့်အသဲက ရိုင်းတတ်၊ရိုင်းရက်နေပြီ ….မကြီး
မသောက်ပါနဲ့  ဆေးလိပ်၊အရက်
မောင် သောက်တတ်နေပြီ
အဲဒီ ပြစ်မှုအတွက်
ဘာပြစ်ဒဏ် ချမှတ်ချင်ပါသလဲ?
ကဗျာမရေးပါနဲ့  လို့ တားမြစ်
မောင် မလိုက်နာဖြစ်သေးဘူး
အဲဒီ ပြစ်မှု အတွက်
ဘာပြစ်ဒဏ်ချမှတ်ချင်ပါသလဲ?
သတိမရနဲ့ လို့  အမိန့် ပေး
ထိထိရှရှ လွမ်းဆွေးမိတုန်းဘဲ
အဲဒီ ပြစ်မှုအတွက်
ဘာပြစ်ဒဏ် ချမှတ်ချင်ပါသလဲ?
အမိန့် ကို မနာခံ လွန်ဆန်မိတာက လွဲလို့ 
ရင်ထဲမှာ မကြီးကို မမေ့……။
လိုချင်တာကိုလည်းရချင်ပါရဲ့ 
ပေးတာကိုလည်းယူပါ့မယ်…
မောင်ငိုနေပါတယ်
တိတ်စေကွယ်..လို့ 
မကြီးရယ်………
ဘယ်လိုဖြေသိမ့်ပေးမလဲ?
တယူသန်မှာကိုလည်း စိုးမိပါရဲ့ 
မောင့်အယူခံလွှာ……….

No comments: