လွမ်းဇာနည် မှ ကြိုဆိုပါ၏

welcome  Comments
ဝေဒနာ ဆိုတာ ရင့်ကျက်သည်းထန်လာရင် အနှိုင်းမဲ့ အလှဖြစ်သွားတယ် ဒါမှမဟုတ် အဲဒါကို ရူးသွပ်ခြင်းလို့ခေါ်တယ်….

Wednesday, September 10, 2008

{အယူခံဝင်တမ်းချင်း..သို့ .. မုတ်သုန်ဆန်မိုးရိုင်း၏ချစ်ခြင်း}

အလွမ်းမသယ်ချင်လို့ 
နှလုံးသားအကြမ်းထည်လို့  ကိုယ့်ကိုကိုယ် သတ်မှတ်ခဲ့..
အတော်လေးရင့်ကျက်နေပြီလို့  ထင်ခဲ့တယ်..
ဒီရင်စကား
မကြီးကြားရင် အရူးလို့  ပြောချင်လိမ့်မယ်
အချစ်အတွက် မျက်ရည်တစ်စက်မကျဘူး..လို့ 
မာနတွေ ဘ၀ဂ်ထိတက်
အဲဒီ ဆုံးဖြတ်ချက် အတွက်
အခုတော့
ရှက်လိုက်တာ မကြီး...........ရယ်……….။
ရင်မှာ အကြင်နာစွန်းခဲ့တာ
မကြီး........... သိစေချင်လို့ ပြောပြချင်ခဲ့တယ်..။
မကြီး..........ကို ကြင်နာလွန်းလို့ လွမ်းရတာ
အခုတော့
အလွမ်းတွေနှောင်ချည်တဲ့
ကျွန်တော် နာမည် လွမ်းဇာနည်….။
လွမ်းလို့ မျက်ရည်ကျတယ်ဆိုတာ ပျော့ညံ့သူတို့ ဗီဇ
အဲဒီ အယူအဆ စကားကို ကြောက်ရွံ့ ကင်းစွာ
ကျွန်တော် မျက်ရည်တစက်ကျမိပါပြီ ..မကြီး.........
သခင်ရေ.. ကူညီပါဦး ဆိုတဲ့ကို မုန်းတီးခဲ့တာ
အခုတော့
ကျွန်တော် ကိုယ်တိုင်က အဲဒီ သံစဉ်အတိုင်း
တမ်းတပျော့ညံ့ချင်တာပါ…..မကြီး..........
ယုံကြည်လိုက်ပါ မကြီး.........
သံသယ မဖြစ်ပါနဲ့ 
အမြင်မှန်ရတဲ့ ကျွန်တော့် အချစ်က မရိုင်းပျတတ်ပါဘူး
နှိုင်းဆမရအောင် အယူခံဝင်ပါပြီ
[ဒါပေမယ့်
အခါလွန် တမ်းချင်း] 22.1.2005

No comments: