လွမ်းဇာနည် မှ ကြိုဆိုပါ၏

welcome  Comments
ဝေဒနာ ဆိုတာ ရင့်ကျက်သည်းထန်လာရင် အနှိုင်းမဲ့ အလှဖြစ်သွားတယ် ဒါမှမဟုတ် အဲဒါကို ရူးသွပ်ခြင်းလို့ခေါ်တယ်….

Wednesday, September 10, 2008

{နှုတ်မဆက်သူ….သို့ }

*ကံကြမ္မာလို
မကြေငြာဘဲ စစ်ခင်းတတ်တဲ့ ရန်သူတွေထဲမှာ
မင်းပါသွားပြီပေါ့ ချစ်သူ……..။
*နောင်တလွန် ခံစားမှုတွေနဲ့ 
ပြောင်းလဲပြုပြင်ခွင့်ရလို့  Thanks you
*မျက်ရိပ်မျက်ကဲ ဘာသာရပ်မှာ အရမ်းညံ့ဖျင်းခဲ့သူမို့ 
ချစ်သူ မုန်းသူ မခွဲခြားတတ်ဘူး ဆိုတာ
ဝန်ခံပါရစေ………..ယုံပါ……။
*ကံကြမ္မာ ကုလားဖန်ထိုးမှုအောက်
ကိုယ့်ကို မျက်ရည်ကျစေနိုင်တဲ့ မိန်းမဆိုတာ
လောကမှာ မင်းတစ်ယောက်ပဲ ရှိသေးတယ်….။
*အဲဒီ မျက်ရည်က
မင်းလုံးဝ မသိသေးတဲ့ “ဆို့ နင့်အပြုံး”ခေါင်းစဉ်န့ဲ
ကိုယ့် ကဗျာထဲက အတိုင်း……။
*နှုတ်မဆက်သူရေ…
ဆို့ နင့်ပေမယ့် ပြုံးပြပါ့မယ်
ဝမ်းသာခြင်းနဲ့  ဂုဏ်ပြုလက်ဖွဲ့ 
ဝမ်းနည်းခြင်းနဲ့  ကြွေကွဲခံစား
အချိန်နှောင်းမှ သတင်းကြားရတဲ့ မင်းရဲ့  လက်ထပ်မင်္ဂလာ
ငါ ၀မ်းသာစွာ ကြေကွဲနေခဲ့ပါရစေ..
အဖြူစင်ဆုံး လွမ်းဆွတ်မျက်ရည်စတွေနဲ့ …..
(ကျေးဇူးပြုပြီး)
အဲဒီ ဝေဒနာ မျက်ရည်စတွေက
ဘယ်လောက်အထိ အမှန်တရားစစ်သလဲ မမေးပါနဲ့ …။။။။။

No comments: