လွမ်းဇာနည် မှ ကြိုဆိုပါ၏

welcome  Comments
ဝေဒနာ ဆိုတာ ရင့်ကျက်သည်းထန်လာရင် အနှိုင်းမဲ့ အလှဖြစ်သွားတယ် ဒါမှမဟုတ် အဲဒါကို ရူးသွပ်ခြင်းလို့ခေါ်တယ်….

Wednesday, September 10, 2008

{ဆည်းဆာရောင်မျက်လုံးရှင် သို့  သတိတရနေ့ ရက်}

23.10.2003 ကြာသပတေးနေ့ 
နောက်ဆုံးတွေ့ ခြင်းလို့  ဘယ်သူယုံမလဲ?
ကြေငြာမှု မရှိဘဲ တိုက်ခိုက်တတ်တဲ့ ကံကြမ္မာရဲ့ ကျိန်စာအဖြစ်
သက္ကရာဇ်များစွာဝေးကွာခဲ့ပြီးမှ
...1.2005 မင်းလက်ထပ်မင်္ဂလာ အချိန်နှောင်းကာမှ ငါသိရပေါ့…
ဘ၀နဲ့ ပုံအောထားတဲ့ မျှော်လင့်ချက်က
အဲဒီမှာ ပြိုလဲပျက်စီးခဲ့..
ရတက်ဗွေ ပွက်ဆူလွန်းတာမို့ 
အရက်တွေ ခွက်မကူ သေအောင်သောက်ခဲ့တယ်..။
ကြွေကွဲနေတဲ့ အသဲက အရက်နာရောဂါအဖြစ် နာကျင်ရပြန်ပေါ့…
“ဆည်းဆာရောင်သန်းနေတဲ့ မျက်လုံးတွေက
အိပ်ပျက်ညကြောင့်လား?
ဒါမှမဟုတ်
ငိုထားလို့ လား မောင် ” တဲ့………………..။။
အရောင်မဆိုးတဲ့ {အဖြူထည်} မေးခွန်းလေးကို
လွမ်းလိုက်တာ မကြီးရယ်…….
တိုက်ဆိုင်မှု ဆိုရမလားပေါ့
ဒီနေ့  {21.7.2006} မောင့်မျက်လုံးတွေ ဆည်းဆာရောင်သန်းနေတယ် .. မကြီး
ဘာကြောင့် လဲ ဆိုတော့
အိပ်ပျက်ညကြောင့်လဲ ပါမယ်၊
လွမ်းလွန်းလို့  ငိုထားရတဲ့ အကြိမ်အဖန်များကြောင့်လဲ ဖြစ်တယ်၊
ဘာပဲဖြစ်ဖြစ်ပေါ့
မကြီးဟာ {တိုက်ရိုက်ပက်သက်မှု ရှိတဲ့}
ဆည်းဆာရောင် မျက်လုံးများရဲ့ အရှင်သခင်ပါဘဲ………။။
အခုလဲ မောင်ငိုနေပါတယ် မကြီး…………..

No comments: