လွမ်းဇာနည် မှ ကြိုဆိုပါ၏

welcome  Comments
ဝေဒနာ ဆိုတာ ရင့်ကျက်သည်းထန်လာရင် အနှိုင်းမဲ့ အလှဖြစ်သွားတယ် ဒါမှမဟုတ် အဲဒါကို ရူးသွပ်ခြင်းလို့ခေါ်တယ်….

Wednesday, September 10, 2008

{သူ……..မကြီး}

အိမ်မက်ကို ထိမ်ဝှက်မထားချင်လို့ 
စာမျက်နှာပြင်မှာ ကဗျာအဖြစ်ဖွဲ့ နွဲ့ 
တိမ်စတွေလို
လေပြေညှင်းသွဲ့ သွဲ့ တွေလို
မြင်သာမြင်လိုက်ရတယ်.
ခံစားခဲ့ရတယ်..
ဖမ်းဆုပ်ပိုင်ဆိုင်မှု မရှိခဲ့ရဘူး……။
ငါ့အိမ်မက်တွေက ပုဏ္ဍားဖတ်တဲ့ ဗေဒင်စာအုပ်ပဲလား?
ဒါမှမဟုတ်
နတ်ဆိုးဝှက်တဲ့ အနာဂါတ်ပဲလား?
နိမိတ်လက္ခဏာပြတယ်လို့ သာ တိတိကျကျဆိုချင်ပါရဲ့
“မဆုံဖြစ်တော့ရင်” ဆိုတဲ့ ကဗျာလေးရေးပြီး
သိပ်မကြာခင် မဆုံဖြစ်ကြတော့ဘူး..
တစ်ယောက်တနေရာဆီဝေးကွာ
ဘယ်သူ ဘယ်နေရာမှာနေမှန်းမသိရလောက်အောင်..။
ဝေးကွာနေတဲ့ ချစ်သူကို ရှာဖွေမတွေ့  လို့ 
ချန်ရစ်ခဲ့တာလားဆိုတဲ့ အတွေးနဲ့ 
“ရာဇ၀င်ထဲမှာ မောင့်ကိုထားရစ်ခဲ့” ဆိုတဲ့ ကဗျာလေးထပ်ရေးမိတယ်..
တစ်လလောက်အကြာမှာ
ချစ်သူက လက်ထပ်ကြောင်းကြေငြာသွားတယ်..
အသိနောက်ကျခဲ့ပေမယ့်
သေချာပါတယ်…..
ရာဇ၀င်ထဲမှာ မောင့်ကိုထားရစ်ခဲ့ပြီ…….။။။

No comments: