လွမ်းဇာနည် မှ ကြိုဆိုပါ၏

welcome  Comments
ဝေဒနာ ဆိုတာ ရင့်ကျက်သည်းထန်လာရင် အနှိုင်းမဲ့ အလှဖြစ်သွားတယ် ဒါမှမဟုတ် အဲဒါကို ရူးသွပ်ခြင်းလို့ခေါ်တယ်….

Tuesday, September 23, 2008

{နတ်ကလျာ အမုန်း}

ရင်ထဲမှာ ဇဝေဇ၀ါ
မရေရာ မသေချာတဲ့ ပဟေဠိတပိုဒ်
ရင်ထဲက ထုတ်နှိုက်လို့ မေးမြန်းလိုက်ချင်တယ်…
ဆင်းရဲခြင်းနောက်ကွယ်မှာ ချမ်းသာခြင်းရှိ
ချစ်ခြင်းနောက်ကွယ်မှာ အမုန်းရှိတာ ဓမ္မတာလား?
မချစ်ရ မချစ်သေး
ချစ်ခြင်းနဲ့ မနီးမဝေးမှာ
အညတရ လူသားချစ်ရေးဆို
မိန်းကလေးက မပျိုမျစ်
ဥပေက္ခာပြု ကျောခိုင်း
ဒါဟာ အစပိုင်းရှိသေး…….
တယုတယ အချစ်မဟုတ်
သမုဒယ [လောဘ] အချစ်ယုတ် မို့
အညတရ လူသား စိတ်မ၀င်စား
သူဌေးသားမှ သူ စိတ်ကစားချင်
ဒါတွေကို သိပင် သိလျက်
ငါ ကြိုးစားရက်တယ်……..
သူဟာ နတ်ကလျာ မို့…
ဇာတ်သိမ်းပိုင်း နိဂုံး ငါဟာ အချစ်ရှုံးသမား
အမုန်းသာပွားခဲ့ရတယ်
အမုန်းရလာဒ်ထိုက်သူ……မို့
7.8.2002

No comments: