လွမ်းဇာနည် မှ ကြိုဆိုပါ၏

welcome  Comments
ဝေဒနာ ဆိုတာ ရင့်ကျက်သည်းထန်လာရင် အနှိုင်းမဲ့ အလှဖြစ်သွားတယ် ဒါမှမဟုတ် အဲဒါကို ရူးသွပ်ခြင်းလို့ခေါ်တယ်….

Wednesday, September 10, 2008

{နေ၀င်ချိန်ပုံပြင်}

**ချစ်သူရဲ့ ပစ်ပယ်စကား
မကြားဝံ့ပေမယ့်
……………………………………………………………………………..
ပဲ့တင်သံ အဖြစ် သံယောင်လိုက်နေတုန်း..။
မင်းရဲ့ အမှန်တရားက နေရာတိုင်းမှန်ခဲ့ပေမယ့်
ထာဝရ မမှန်နိုင်ဘူး ဆိုတာ
ဒီနေရာမှာ သိသာတယ်……..။
**မကြားဝံ့သူကို ခွန်းဆင့်လို့  မေးမြန်း
“ပန်းလက်ဖ၀ါးမှာ ပါးအပ်ပိုင်ခွင့်လား”တည့် 
မမျှော်လင့်ချင်စမ်းပါနဲ့ ကွာ
ဂီတသမားသာလျှင် သံစဉ်ကို ပိုင်ဆိုင်ခွင့်ရှိမယ်
ကဗျာသမားသာလျှင် ကာရန်ကို ပိုင်ဆိုင်ခွင့်ရှိမယ်
ပန်းချီသမားသာလျှင် အတိတ်ဆိတ်ဆုံး အလှဗေဒကို ပိုင်ဆိုင်ခွင့်ရှိမယ်
မင်းဟာ ဂီတသမားမဟုတ်သလို
ငါက သံစဉ်မဟုတ်ဘူး..။
မင်းဟာ ကဗျာသမားမဟုတ်သလို
ငါက ကာရန်မဟုတ်ဘူး…။
မင်းဟာပန်းချီသမား မဟုတ်သလို
ငါက ဆေးစက်[အရောင်] မဟုတ်ဘူး…။
ပက်သက်မှုရှိမရှိရင် ပိုင်ဆိုင်ခွင့်မရှိ
ခံစားခွင့်ပဲ ရှိတယ်
မခံစားချင်စမ်းပါနဲ့ ကွာ…
မင်း ရင်ဖွင့်စကားက နေ၀င်ချိန် ပုံပြင်အလား
တောက်ပမှု ကင်းမဲ့ ၊ ယုံကြည်စရာမရှိ
**မင်းသိထားရမှာက
အလွယ်မှန်းရင် တကယ်တမ်းခက်…….
အလွယ်မစံချင်ပါနဲ့ ကွာ
အပယ်ခံရတတ်တယ်
ချစ်သူပြောတဲ့ စကား
တကယ်မှန်သွားတယ်
ကိုယ့်နှလုံးသားက အပယ်ခံ……..။ ။
<><><><>မှတ်ချက်။
<><><>သူကိုယ်တိုင် ပယ်သွားသည်
<><>ချစ်သူစကားများကို ပြန်လည်ခံစားခြင်း

No comments: