လွမ်းဇာနည် မှ ကြိုဆိုပါ၏

welcome  Comments
ဝေဒနာ ဆိုတာ ရင့်ကျက်သည်းထန်လာရင် အနှိုင်းမဲ့ အလှဖြစ်သွားတယ် ဒါမှမဟုတ် အဲဒါကို ရူးသွပ်ခြင်းလို့ခေါ်တယ်….

Wednesday, September 10, 2008

{မုတ်သုန်ဆန်မိုးရိုင်းတပွင့်}

ချစ်ခြင်းအလင်္ကာမှာ
အပြစ်ကင်းတဲ့ အကြင်နာဆိုတာ ရှားပါတယ်..
အလင်္ကာမြောက်ဖို့ 
အလိမ်အညာ၊မုသားတွေက အထောက်အကူပြု
အခုတော့
မလိမ်ညာဝံ့တော့တာ
မလိမ်ညာချင်တာလဲပါတယ်…။
ကျွန်တော့်ရင်မှာစွန်းခဲ့တယ်
မကြီး............အလှတရား..
အကြင်နာ မွန်းကြပ်ခဲ့တာ
ဘ၀ရေးအခင်းကြောင့်…
အပြေးဆင်းခဲ့တယ်
လူ့ ဘ၀ ငရဲခန်း
မထည်ဝါမခမ်းနားမှန်းသိပေမယ့်
အလွမ်းရဲ့  လွတ်မြောက်နယ်မြေ
အချစ်တွေကို ရှာဖွေရယူဖို့ 
ဘ၀ကိုကာရံ စင်မြင့်ဆီလမ်းညွှန်မယ့်
အုတ်ခုံနံရံတွေကို ဖီဆန်ဖြိုဖျက်ခဲ့…
[ကျွန်တော့် အယူအဆ မမှားဘူးဆိုရင်ပေါ့]
ကျွန်တော်ဟာ
မုတ်သုန်ဆန်မိုးရိုင်းတပွင့်

No comments: