လွမ်းဇာနည် မှ ကြိုဆိုပါ၏

welcome  Comments
ဝေဒနာ ဆိုတာ ရင့်ကျက်သည်းထန်လာရင် အနှိုင်းမဲ့ အလှဖြစ်သွားတယ် ဒါမှမဟုတ် အဲဒါကို ရူးသွပ်ခြင်းလို့ခေါ်တယ်….

Wednesday, September 10, 2008

{အရေးနိမ့်သူ}

ချစ်မိသူဟာ အရှုံးလား?
အချစ်ဦးကို မပိုင်လိုက်ရသူကကော ထာဝရအရှုံးလား?
မောင့်စိတ်ကူး အိပ်မက်တွေဟာ
လေကို မဆန်နိုင်တဲ့ တိမ်တိုက်တွေလို တစစီ လွင့်ပြယ်ခဲ့ပြီ
ထိုးစစ်မဆင်နိုင်တော့လောက်အောင်ပါဘဲ
*****ဒါဆိုရင်
****မောင်ဟာ ထာဝရအရေးနိမ့်သူပေါ့
အဝေးက ညကောင်းကင် အလှကို ခံစားဖို့
မီးအိမ်ငယ်ကို ကိုင်စွဲ
အဲဒါ
အလကား အပို ၀န်ထုပ်ပဲလား?
တကယ်ဆိုရင်
အညတရ အလွမ်းတွေက
အညတြ စခန်းသွားကြရတယ် [အရာမထင်တတ်ကြဘူးနော်]
အလွမ်းတွေနဲ့ ထိန်းချုပ်မရတဲ့စိတ်
မောင် တိတ်တဆိတ်ကြေကွဲရင်း
မီးအိမ်ငယ် အလင်းနဲ့
ညကောင်းကင်အလှကို ရှုစားချင်တာ
မကြီးက ပြုစားခဲ့လေတော့
မောင့် ဆန္ဒက အပို ၀န်ထုပ်
ဒီ စိတ္တဇကို ဘယ်လို နိဂုံးချုပ်ရမလဲ?
မောင်ဟာ
<><><>ထာဝရအရေးနိမ့်သူ…….။

No comments: