လွမ်းဇာနည် မှ ကြိုဆိုပါ၏

welcome  Comments
ဝေဒနာ ဆိုတာ ရင့်ကျက်သည်းထန်လာရင် အနှိုင်းမဲ့ အလှဖြစ်သွားတယ် ဒါမှမဟုတ် အဲဒါကို ရူးသွပ်ခြင်းလို့ခေါ်တယ်….

Wednesday, September 10, 2008

{ပြုစားရက်သူ……သို့ }

*လရောင်လေညှင်းမှာ ပျော်ဝင်တယ်
ဒါပေမယ့်
ကဗျာတစ်ပုဒ် မဖြစ်ခဲ့ဘူး……။
*မကြီးကို ရင်ခုန်မိတယ်
အချစ်ကဗျာတွေက ရေတွက်လို့  မရဘူး………။
*အရုဏ်ဦးရဲ့  အလင်းဖြစ်စဉ်ကို ဦးညွတ်တယ်
ဒါပေမယ့်
ကဗျာတစ်ပုဒ် မဖြစ်ခဲ့ဘူး……။
*မကြီးနဲ့  အဝေးတနေရာကို ရောက်နေဖူးတယ်
အလွမ်း ကဗျာတွေက ရေတွက်လို့  မရဘူး…….။
*ညနေခင်းရဲ့  အလင်းပျောက်စဉ်ကို နှမြောတသ နှုတ်ဆက်လိုက်ရတယ်
ဒါပေမယ့်
ကဗျာတစ်ပုဒ် မဖြစ်ခဲ့ဘူး……။
*မကြီးကို စွန့် လွတ်လိုက်ရတယ်
အသဲကွဲကဗျာတွေက ရေတွက်လို့  မရဘူး…….။
*ကြယ်ကြွေတာကို ကြည့်ပြီး ရင်ခုန်ရူးသွပ်ခဲ့ဖူးတယ်
လျှက်ပြတ်တာကို ကြည့်ပြီး ကြောက်ရွံ့ ရင်တုန်ခဲ့ဖူးတယ်
အခုတော့
မဟူရာလွှမ်းလို့ အသဲကျွမ်းနေရတယ်
မကြီးကို မပိုင်ဆိုင်ရလို့ 
အသဲကွဲ ကဗျာတွေက ရေတွက်လို့  မရဘူး………။ ။
25.7.2008

No comments: