လွမ်းဇာနည် မှ ကြိုဆိုပါ၏

welcome  Comments
ဝေဒနာ ဆိုတာ ရင့်ကျက်သည်းထန်လာရင် အနှိုင်းမဲ့ အလှဖြစ်သွားတယ် ဒါမှမဟုတ် အဲဒါကို ရူးသွပ်ခြင်းလို့ခေါ်တယ်….

Wednesday, September 10, 2008

{ကြေကွဲည}

ထာဝစဉ်မှန်ကန်တဲ့တရား မရှိနိုင်တဲ့လောကမှာ
ကိုယ် မင်းဆီကို
အချိန်မှန် ဖုန်းဆက်ခဲ့တယ်
***ရူးသွပ်ခြင်းတည့်
ဒီညတော့
ကိုယ့် နှလုံးသားကို တိုက်ခိုက်နေပြီ
ကိုယ့်မှာ ခံနိုင်ရည်မဲ့စွာ ငိုကြွေးနေရ…..
*အချိန်မှန် ဖုန်းဆက်ရင်းပါဘဲ
ကိုယ့်ရင်ခုန်သံတွေ ဆွံ့အခဲ့ရတယ်
ထာဝစဉ်မှန်ကန်မှု မရှိနိုင်ဘူး ဆိုတဲ့ လောက
ကိုယ့် လုပ်ရပ်က သက်သေပေါ့
*****သမာဓိတည့်
တည်ငြိမ့်မှုမဲ့စွာ…
ညမှန်ရင်…….မပူလောင်စေနိုင်ဘူးပေမယ့်
လှိုင်းခတ်……ရင်ကွဲ နေရ
လပြည့်ည မဟုတ်ဘူး
နွေမွန်းတည့် မဟုတ်ဘူး…….။
<><>အစွန်းရောက် မျှော်လင့်ချက်
<><>အပြင်းထန်းဆုံး ခံစားမှု
<><>အနက်ရှိုင်းဆုံး ရင်ခုန်သံ
……..တစ်ဘ၀လုံး ပုံအပ်ရင်နှီးခဲ့
ရူးသွပ်မှုကို အနားသတ်ကြည့်တော့
ကိုယ် အကြီးမားဆုံးကြွေကွဲရ
မင်းနဲ့ စကားမပြောရတဲ့ ဒီညပါ ချစ်သူ

No comments: