လွမ်းဇာနည် မှ ကြိုဆိုပါ၏

welcome  Comments
ဝေဒနာ ဆိုတာ ရင့်ကျက်သည်းထန်လာရင် အနှိုင်းမဲ့ အလှဖြစ်သွားတယ် ဒါမှမဟုတ် အဲဒါကို ရူးသွပ်ခြင်းလို့ခေါ်တယ်….

Wednesday, September 10, 2008

{သံစဉ်ခါးခါး}

*သံယောဇဉ် ဆိုတဲ့ ကြိုးကို အစိမ်းဖြတ်
“မေ့တတ်ဖို့  ကြိုးစားပေါ့” တဲ့……
*ပြောရက်လိုက်တာ မကြီး ရယ်
မမေ့နိုင်သူကို စေခိုင်း
မကြီးစကား မရိုင်းပါဘူး…………။
*ယဉ်ယဉ်လေးနဲ့ ခါး
မောင် ဘယ်လိုနားဆင်ရမလဲ..။
* ချစ်ခြင်း ကွန်ယက် အလွမ်းဇာတ်ကို ရှင်ခန်းဖြတ်
“ကဗျာ မစပ်ပါနဲ့  စာကျက်ပါမောင်”တဲ့
*စေတနာတွေ ဖူးထွတ်လို့ မနေသာ ဦးညွတ်လိုက်ရ
*ဝေဒနာတွေ
မခူးဆွတ်ပဲ ပန်ဆင်လိုက်ရတယ်..
*ဆေးလိပ် မသောက်ပါနဲ့ 
“ခရမ်းနုရောင် မောင့်နှုတ်ခမ်းလေး
အလှပျက်မသွားစေချင်ဘူး” တဲ့
“လိမ်မာသူကို မလိမ်ညာပါဘူး” တဲ့
*ပြောစကားတွေကို နားထောင်ရင်း
အခုတော့
အခုပေါ့လေ
အသဲစွဲ ချစ်မက်သူမို့ 
အသဲခွဲ ပစ်ရက်ခဲ့တာလား
မကြီးရယ်……….။ ။

No comments: