လွမ်းဇာနည် မှ ကြိုဆိုပါ၏

welcome  Comments
ဝေဒနာ ဆိုတာ ရင့်ကျက်သည်းထန်လာရင် အနှိုင်းမဲ့ အလှဖြစ်သွားတယ် ဒါမှမဟုတ် အဲဒါကို ရူးသွပ်ခြင်းလို့ခေါ်တယ်….

Wednesday, September 10, 2008

{ရာဇ၀င်ထဲမှာ မောင့်ကိုထားရစ်ခဲ့}

မကြွေးကြော်ဘဲ တိုက်ခိုက်သွားတဲ့
မကြီး...... အလှတရား
ကျွန်တော့် ချစ်ခြင်းတွေကို မော်ကြွားခွင့်ပေးခဲ့တယ်..။
မကြီး.......... ဟာ
ကျွန်တော့် အတွက် ဆိုရင်
“မင်းမရှိတဲ့ တိုင်းပြည်မှာ
တိုင်းပြည်မရှိတဲ့မင်း ရောက်လာ” သလို
ကျွန်တော့် ဘ၀မြို့ပြ ကို တည်ထောင်ခဲ့
အုပ်ချုပ်ခဲ့…
မကြီး...............ဟာ
ကျွန်တော့် အတွက် ဆိုရင်
မီးရှူးတန်ဆောင်း ဖြစ်ခဲ့သလို
ဗိသုကာ ပညာရှင်ဖြစ်ခဲ့
တကယ်ကို ….ရှေ့  ဆောင်လမ်းပြဖြစ်ခဲ့ပါတယ်…..။
အခုတော့
မင်းမရှိတဲ့ တိုင်းသားကျွန်တော် ဟာ
တကိုယ်တည်း အထီးကျန်
လွမ်းစိတ်တွေ မှန်မှန်နဲ့  ကျန်ရစ်ခဲ့ပါပြီ………
မကြီး..............ဟာ
ရာဇ၀င်ထဲမှာ မောင့်ကို ထားရစ်ခဲ့ပြီမို့ ...
ခုတော့……….တစ်ယောက်တည်းရယ်.
အထီးကျန်လွန်း
အထီးကျန် လွမ်း

No comments: