လွမ်းဇာနည် မှ ကြိုဆိုပါ၏

welcome  Comments
ဝေဒနာ ဆိုတာ ရင့်ကျက်သည်းထန်လာရင် အနှိုင်းမဲ့ အလှဖြစ်သွားတယ် ဒါမှမဟုတ် အဲဒါကို ရူးသွပ်ခြင်းလို့ခေါ်တယ်….

Tuesday, September 23, 2008

{မျှော်လင့်တမ်းချင်း}

အချိန်မှန် တမ်းတသံက
ဝေးကွာပြီးမှ ရလာတဲ့ သန္ဓေ
အနေခက်စေမှာ စိုးလို့
ကြိုတင်ဖုန်းမခေါ်ခဲ့တဲ့ နိမိတ်က
မင်းရဲ့ ဂုဏ်သိက္ခာကို မညှိုးရော်စေချင်လို့
မျှော်လင့်တမ်းတ တာက
မင်းရဲ့ ဖုန်းခေါ်သံ
တဖက်သတ်ဆန်တယ် အမည်ပေးချင်ပေး
အဲဒီ ခေါင်းစဉ်အောက်
ငါ အပြေးဝင်ရဲတယ်…………..
ငါ ၀န်ခံပါတယ်
ငါ ဟာ တဖက်သတ်ချစ်နေသူ
မင်း အပြစ်ယူချင်ယူပေါ့
ဒါပေမယ့်
ငါ့ရဲ့ မျှော်လင့်တမ်းချင်းက
မင်းရဲ့
ဖုန်းခေါ်သံ…………………5.11.2005

3 comments:

Anonymous said...

ကဗျာလေးကကောင်းပါတယ်... ဖုန်းမျှော်နေမှန်းမသိလို့ပါ... သိရင်ဆက်တာပေါ့.. ဟဲဟဲ (နောက်တာ)

Black Dream said...

ကိုယ်ချစ်ထက်...သူချစ်က ပိုကောင်းမယ် ထင်ပါတယ်ဗျာ...။

Apprenticeship said...

ကိုယ့်အိမ်မက်နဲ့ကိုပေါ့ ဆက်လျှောက် အားပေးတယ် :P