လွမ်းဇာနည် မှ ကြိုဆိုပါ၏

welcome  Comments
ဝေဒနာ ဆိုတာ ရင့်ကျက်သည်းထန်လာရင် အနှိုင်းမဲ့ အလှဖြစ်သွားတယ် ဒါမှမဟုတ် အဲဒါကို ရူးသွပ်ခြင်းလို့ခေါ်တယ်….

Saturday, September 13, 2008

{ပုံရိပ်စစ် တမ်းချင်း}

ချစ်ဦးကြင်ဆွေ ရင်တွင်းနွေကို
စမ်းရေတခွက် ဆက်နှင်းအပ်လေ
မပြတ်ဆွေးမြေ့ လွမ်းရက်နေ့က
မှတ်မေ့ဖောက်ပြန် မရှိမှန်ခဲ့
သတ်တံရောင်စဉ် ရောင်စုံသွင်သို့
ချစ်ကြင်ကလျာ ရုပ်ပုံလွှာကို
ရင်မှာချိတ်ဆွဲ မျက်ရည်ဝဲခဲ့
စဉ်မြဲကြည့်ရှု လွမ်းဆွေးမှုသည်
ယခုမှစ လွမ်းနေရစေ
နေ့ညရင်မှာ မျက်ရည်ဖြာစေ
နှုတ်မှာမိန့်မြတ် ကျိန်စာခွက်ကို
ပါးစပ်တေ့ကာ တိုက်ရက်ရှာသို့
စိတ်မှာလွမ်းနေ လွမ်းရိပ်ဝေသည်
ကြင်ဆွေကလျာ ဝေဒနာကို
နေသာဖြေသိမ့် ပေးပါလှည့်……………။
24.5.2005

1 comment:

Unknown said...

"နှုတ်မှာမိန့်မြတ် ကျိန်စာခွက်ကို
ပါးစပ်တေ့ကာ တိုက်ရက်ရှာသို့
စိတ်မှာလွမ်းနေ လွမ်းရိပ်ဝေသည်"

အဲဒီ့စာသားလေးက ကျွန်တော့်ရင်ကို တိုက်ရိုက် ထိတယ်ဗျာ...။ ဆက်ရေးပါ...။ အားပေးနေပါ့မယ်..။