လွမ်းဇာနည် မှ ကြိုဆိုပါ၏

welcome  Comments
ဝေဒနာ ဆိုတာ ရင့်ကျက်သည်းထန်လာရင် အနှိုင်းမဲ့ အလှဖြစ်သွားတယ် ဒါမှမဟုတ် အဲဒါကို ရူးသွပ်ခြင်းလို့ခေါ်တယ်….

Saturday, September 20, 2008

{အလွမ်းသင်္ကေတ}

ခွဲခွာရဖို့ အချိန်ဆဲဆဲ
နှစ်ယောက်အလယ်ကြား လမ်းကလေးဘဲခြားသေး
လမ်းတဖက်မှ လက်ယမ်းကာပြ
လွမ်းဆွတ်ဖို့ သင်္ကေတလား…?
ရက်,လ, နှစ်တွေ အလီလီဖုံးလွှမ်း
သက္ကရာဇ်တွေ မပီမပြင် ကုန်ဆုံး
ဒီတော့မှ သိခဲ့ရ
ဘ၀ အဓိပ္ပာယ် ၀ိုးတ၀ါးဝါးပါဘဲ
ဘ၀ အကြောင်းပြန်ပြော
လွမ်းမောစရာ မဟုတ်….
ခါးသီးစွာ နားငြီးစေမှာ
ဘ၀ရသ ဒါတဲ့လား…။
အတ္ထုပ္ပတ္တိထဲက
အရွေ့  အပြောင်းဇာတ်လမ်း
လက်ယမ်းကာ နှုတ်ဆက်ပြ
လွမ်းဆွတ်ဖို့ သင်္ကေတ ဆိုတာ ပီပြင်ခဲ့တယ်………။ ။

No comments: