လွမ်းဇာနည် မှ ကြိုဆိုပါ၏

welcome  Comments
ဝေဒနာ ဆိုတာ ရင့်ကျက်သည်းထန်လာရင် အနှိုင်းမဲ့ အလှဖြစ်သွားတယ် ဒါမှမဟုတ် အဲဒါကို ရူးသွပ်ခြင်းလို့ခေါ်တယ်….

Tuesday, September 23, 2008

{အဆိပ်သင့်ည၏အတ္ထုပ္ပတ္တိ}

**ညဥ့်ငှက်ရေ
မြည်တွန်ဆိုညည်းးလိုက်တဲ့
သင့်ရဲ့
ရင်တွင်းဖွဲ့ သံစဉ်တွေက
စိတ္တဇ အိပ်စက်မှုကို
အိပ်မရအောင် နိုးထစေတယ် သိလား?
**မျိုသိပ်မရတဲ့ အသိစိတ်တွေ
ချော့သိပ်ထားချိန်မှာ
အိပ်မက်ကို ထိမ်ဝှက်ထားစေတဲ့
သံစဉ်တွေက
အလွမ်းရဲ့ ဆည်းဆာကို ကြိုလင့်စေဖို့
နှလုံးသားကို
အရုဏ်ဘက် ဦးတည်လှည့်လိုက်တယ်ပေါ့လေ……….

No comments: